အိမ်တွင်း လေအရည်အသွေး ကောင်းမွန်လာစေဖို့ စိုက်ပျိုးသင့်တဲ့ အပင် ၁၀ မျိုး

ဒီတစ်ပတ် ထိမ်းသိမ်းကြစေ သဘာဝအမွေ ကဏ္ဍလေးမှာတော့ အိမ်တွင်း လေအရည်အသွေး ကောင်းမွန်လာစေဖို့ စိုက်ပျိုးသင့်တဲ့ အပင် ၁၀ မျိုး အကြောင်းကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

၁။ ပထမဆုံးတစ်ခုကတော့ Snake Plant ဖြစ်ပါတယ်။ ဆင်စွယ်ဂမုန်းလို့ လူသိများပြီး နဂါးစက်ဂမုန်းလို့လဲခေါ်ပါတယ်။ Snake Plant က လေထုသန့်စင်ရန်ကူညီပေးပါတယ်။ အိမ်အတွင်းမှာရှိတဲ့ လေထုထဲက မလိုလားအပ်တဲ့ အဆိပ်အတောက် ဓာတုအငွေ့များ နှင့် နှာခေါင်းယားယံခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ မျက်စိယားယံခြင်း တို့ကိုဖြစ်စေတဲ့ (benzene, formaldehyde, trichloroethylene, း xylene နှင့် toluene တို့အပြင် air pollutants အချို့ကိုပါသန့်စင်ပေးနိုင်ပါတယ်။

၂။ ဇော်စိမ်းပင်၊ ဇော်စိမ်းပင် က လူ့ကျန်းမာရေး ကောင်းအောင်အထောက်အကူပေးပါတယ်။ အိမ်တွင်းလေထုရှိ benzene, formaldehyde, trichloroethylene နှင့် xylene စတဲ့ အန္တရာယ်ရှိ ဓာတုအငွေ့များကိုလည်း သန့်စင်ပေးပါတယ်။

၃။ Golden Pothos ပင် မာရ်နတ်၏ဆင်စွယ်များ အပင်နာမည်ကတော့ထူးဆန်းပြီးကြောက်စရာကောင်းနေသလိုလိုပင်ဖြစ်နေပါတယ်။ တကယ်တမ်း လူသိများတဲ့ နာမည် ကတော့ ရွှေလာငွေလာဂမုန်း အပင်ပဲဖြစ်ပါတယ်။ ဒီအပင်က လူ့ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ ကာဗွန်မိုနောက်ဆိုက် နှင့် Pollutants, Toluene, Xylene တို့ကိုပါ သန့်စင် စစ်ထုတ်ပေးကာ အိမ်တွင်းလေကို ကောင်းမွန်စေပါတယ်။

၄။ ဝါးအုန်းပင်၊ အိမ်များမှာ တွေ့လေ့ရှိတဲ့ဝါးအုန်းပင် (Bamboo Palms) သည် ကာဗွန်မိုနောက်ဆိုက်၊ ခန္ဓာကိုယ်တွင် ယားယံခြင်း၊ လည်ချောင်းနာခြင်း ယားခြင်းတွေကိုဖြစ်စေသည့် Xylene နှင့် Chloroform (ကလိုရိုဖောင်းမ်) တို့ကိုစုပ်ယူပေးပါသည်။

၅။ နောက် ကြိမ်ထန်းပင် ၊ Areca Palm အာရေကာ ပလန်းမ် (သို့မဟုတ်) ကြိမ်ထန်းပင် ဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူကာ သန့်စင်သည့် အောက်ဆီဂျင်ကိုပြန်ထုတ်ပေးပါတယ်။ ဒါ့အပြင် မျက်စိယားယံခြင်း နှင့် မျက်ရည်ကျခြင်း၊ မျက်စိနာခြင်း၊ နှာခေါင်းယားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုခြင်းနှင့်မူးဝေခြင်းတို့ကိုခံစားရမည့် for mal de hyde၊ benzene နှင့် Xylene အဆိပ်ငွေ့တွေကိုပါစုပ်ယူသန့်စင်ပေးပါတယ်။

၆။ နောက် Chinese Evergreen ၊ အိမ်တော်မင်္ဂလာဂမုန်းလို့ လူသိများတဲ့ Chinese Evergreen က အိမ်တွင်းစိုထိုင်းမှုကိုလျှော့ချပေးပြီး ကာဗွန်မိုနောက်ဆိုက်၊ (ထော့ဒ်စင်း၊) Toxins benzene formaldehyde တို့မှကာကွယ်ပေးပါသေးတယ်။

၇။ English Ivy ဆိုလျှင် မသိတဲ့သူမရှိသည့်အပင် မြန်မာလိုဆိုလျှင် တိုက်ကပ်နွယ်ပင်ဟုခေါ်တဲ့ အပင်က အိမ်တွင်း၊ လေအရည်အသွေး အတွက် များစွာအထောက်အကူပြုပါတယ်။ လေထဲမှာရှိနေတဲ့ မှိုတွေ (mould) တွေကိုလဲစုပ်ယူပေးပါတယ်။

၈။ နောက် ဖိုင်းကပ် အပင်သည် အခြားအပင်များကဲ့သို့ပင် pollutants, benzene, formaldehyde တို့ကို စုပ်ယူပေးပါသည်။ ထူးခြားတာက ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မျက်နှာထုံခြင်းနှင့် အားနည်းခြင်း တို့ကိုဖြစ်စေသည့် trichloroethylene ကိုပါစုပ်ယူပေးနိုင်ပါသည်။

၉။ ရှားစောင်းလက်ပတ်ပင် ၊ ရှားစောင်းလက်ပတ် (Aloe Vera) ၏အကျိုးကျေးဇူးများပုံကတော့ လူတိုင်းသိထားပြီးဖြစ်ပါသည်။ လေထဲရှိ Formaldehyde ကိုပါသန့်စင်ပေးသေးသည့်အတွက် အကျိုးရှိသည့်အပင်တွေထဲမှ ၁ပင်အပါအဝင်ဖြစ်ပါသည်။

၁၀။ နောက်ဆုံးအနေဖြင့် ဂမုန်းအမျိုးအနွယ်ဝင် တစ်ခုဖြစ်သည့် ရှင်သီဝလိဂမုန်းသည်လည်း လေထုတွင်းရှိ benzene, formaldehyde, trichloroethylene တို့အပြင် မျက်လုံး၊ နှာခေါင်း၊ လည်ချောင်းနှင့်အသက်ရှူလမ်းကြောင်းများအတွက် အန္တရာယ်ပေးနိုင်တဲ့ အမိုးနီးယား (ammonia) ကိုလဲသန့်စင် (purify) ပေးပါသည်။

ဘာကြောင့် ဒီအပင် ဆယ်မျိုးကို စိုက်ပျိုးသင့်သလဲဆိုတာကတော့ ၁၉၈၉ ခုနှစ်က ထုတ်ဝေခဲ့တဲ့ နာမည်ကျော် NASA ၏စမ်းသပ်မှုတစ်ခုမှာ အိမ်တွင်းအပင်များဟာ ကင်ဆာဖြစ်စေတဲ့ အော်ဂဲနစ်ဒြပ်ပေါင်းများဖြစ်တဲ့ formaldehyde နှင့် benzene ကဲ့သို့လေထုညစ်ညမ်းစေသည့် air pollutants များကိုပွတ်တိုက်ပေးနိုင်ကြောင်းဖော်ပြထားသည်။ ထို NASA မှသုတေသီများက အာကာသစခန်းပတ်ဝန်းကျင်၏လေထုထဲရှိအဆိပ်အတောက်များကို သန့်စင်ရန်နည်းလမ်းများကိုရှာဖွေနေသည့်အချိန်လဲဖြစ်သည်။ နောက်ပိုင်းသုတေသနများအရ မြေပြင် က လေထုထဲမှာရှိတဲ့အဆိပ်အတောက်အငွေ့များ နှင့် အဏုဇီဝပိုးမွှားများကိုပါ indoor plant များကစုပ်ယူပေးပြီး အိမ်တွင်း လေထုသန့်ရှင်းရေးတွင် ကူညီထောက်ပံ့ပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည့်အတွက် အိမ်တွင်းအပင်များစိုက်ခြင်းအားဖြင့် ကောင်းကျိုးကိုရရှိစေမှာဖြစ်ပါတယ်။

ဒါကြောင့် သောတရှင်များလဲ မိမိတို့အိမ်တွင်းက လေထုထဲမှာရှိနေတဲ့ အဆိပ်အတောက် များ နဲ့ အဏုဇီဝပိုးမွှားများကို စုပ်ယူပေးတဲ့ ဒီအပင်လေးတွေကိုစိုက်ခြင်းအားဖြင့် သန့်ရှင်းသောလေကို ရှုရှိုက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ဒီအကြောင်းအရာကိုတော့ ဂရင်းနက်စ် မြန်မာကနေ ပြန်လည်ကောက်နှုတ် ဖော်ပြပေးထားတာပဲဖြစ်ပါတယ်။

Add new comment

11 + 1 =